back

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

Apr 28 • 6:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ...

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။မန္တလာမင်း အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး၏ ကြေညာ ချက်တွင် ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခသည် (၅၅၀၀၀)ကျပ် ဖြစ်ပြီး အထူးကားအတွက် ကျပ် (၈၀၀၀၀) ဖြစ်သည်။ယခင်က ရိုးရိုးကားခမှာ (၆၀၀၀၀) ကျပ်ဖြစ်ပြီး အထူးကား သည် (၉၀၀၀၀)ကျပ် အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ထို့အတူ ရန်ကုန်-နေပြည်တော် ခရီးစဉ်တွင်လည်း ရိုးရိုးကားလက်မှတ်ခကို (၄၀၀၀၀)ကျပ်မှ (၃၅၀၀၀) ကျပ် ၊ အထူးကားခကို (၆၅၀၀၀) ကျပ် မှ (၆၀၀၀၀)ကျပ်သို့ ပြန် လ ည်ထားသည်ကို တွေ့ရသည်။ထို့ပြင် မြတ်မန္တလာထွန်း၊ JJ Express ယာဉ်လိုင်းတို့လည်း ကားလက်မှတ်စျေးနှုန်းများကို စျေးပြန်ချပေးပြီး ပိုမိုသင့်တော်သော စျေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနေပြီ ဖြစ် ကြောင်း ကြေညာထားသည်။

news-view-count-icon

35