back

ကမ္ဘာကျော် အလီဘာဘာရဲ့လုပ်ငန်းခွဲ Shop .com မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်

Apr 28 • 1:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကမ္ဘာကျော် အလီဘာဘာရဲ့လုပ်ငန်းခွဲ Shop .com မြန်မာနိုင်ငံမှထွက်ခွာမည်ဖြစ်

ကမ္ဘာကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။၂၀၁၂ ခုနှစ်ကစတည်ထောင်ခဲ့ပြီ...


ကမ္ဘာကျော် Alibaba(အလီဘာဘာ)ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Shop .com.mm(Shop App MM)ဟာမြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။၂၀၁၂ ခုနှစ်ကစတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ လူသိအများဆုံး အွန်လိုင်းဈေးဝယ် ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Shop App MM ကို ဧပြီလ ၂၉ရက်နေ့ ည ၁၁ နာရီ ၅၉ မိနစ် အထိပဲ အော်ဒါတွေလက်ခံပေးတော့မှာလို့ Daraz Myanmar Company Limitedကအသိပေးပါတယ်။မြန်မာနိုင်ငံအပါအဝင် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါနိုင်ငံတွေမှာ အွန်လိုင်းကတစ် ဆင့် ကုန်စည်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစု Daraz Group ကို  တရုတ်နိုင်ငံက Alibaba က ၂၀၁၈ ခုနှစ်ဝယ်ယူခဲ့ပါတယ်။အလီဘာဘာ ဟာ တရုတ်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံးနည်းပညာနှင့်အွန်လိုင်းအရောင်းအဝယ်(E-commerce)လုပ်ငန်းစုကြီးတစ်ခုဖြစ်ပါတယ်။လုပ်ငန်းရပ်နားလိုက်ရတဲ့ဆုံးဖြတ်ချက်ကလွယ်လွယ်ကူကူချခဲ့ရတာမဟုတ်ဘူးလို့ Daraz Myanmar Company Limited ကဆိုပါတယ်။


news-view-count-icon

103