back

သက်တမ်းနှစ် သန်း ၁ဝဝ ခန့်ရှိ မြန်မာ့ပယင်းကျောက်အတွင်း ရှားပါးအင်းဆက်တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ

Apr 26 • 7:03 AM

breaking-news

မြန်မာ

ကချင်

cover

သက်တမ်းနှစ် သန်း ၁ဝဝ ခန့်ရှိ မြန်မာ့ပယင်းကျောက်အတွင်း ရှားပါးအင်းဆက်တစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှရရှိသော သက်တမ်းနှစ်သန်း ၁၀၀ ခန့်ရှိ ပယင်းကျောက်အတွင်း၌ ခရီတေးစီးယပ်စ်ဘူမိခေတ်က အင်းဆက်ပိုးတစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်...

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှရရှိသော သက်တမ်းနှစ်သန်း ၁၀၀ ခန့်ရှိ ပယင်းကျောက်အတွင်း၌ ခရီတေးစီးယပ်စ်ဘူမိခေတ်က အင်းဆက်ပိုးတစ်မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းကို ဂျာမနီသိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါအင်းဆက်သည် ရှေ့လက်ချောင်းနှစ်ချောင်းတွင် ဂဏန်းလက်မကဲ့သို့ ပုံစံပါရှိသည့် ထူးခြားသော ကမ္ဘာဦးအင်းဆက်တစ်မျိုးဖြစ်ပြီး သိပ္ပံပညာရှင်များက "Carcinonepa Libererrants" ဟု အမည်ပေးထားသည်။ ၎င်းအမည်တွင် ပါဝင်သည့် "Libererrants" ဟူသော ဝေါဟာရမှာ တောင်ကိုရီးယားနာမည်ကျော် K-pop အဖွဲ့ဖြစ်သည့် Stray Kids ၏ အမည်ကို လက်တင်ဘာသာဖြင့် ဖလှယ်မှည့်ခေါ်ထားခြင်းဖြစ်သည်။ ယခုတွေ့ရှိမှုသည် လွန်ခဲ့သောနှစ်ပေါင်း သန်း ၁၀၀ ကျော်က မြန်မာနိုင်ငံမြောက်ပိုင်း မိုးသစ်တောဂေဟစနစ်ကို လေ့လာရာတွင် များစွာအထောက်အကူပြုနိုင်ကြောင်း သိပ္ပံပညာရှင်များက သုံးသပ်ထားပါသည်။

news-view-count-icon

58