back

စင်ကာပူတွင် အလုပ်ခွင်၌ ရုတ်တရက်လဲကျကွယ်လွန်သွားသည့် အသက် ၈၉ နှစ်အရွယ် အဘိုးအတွက် အလုပ်ရှင်က မိသားစုဝင်များကို ရှာဖွေပေးနေ

Apr 25 • 4:56 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် အလုပ်ခွင်၌ ရုတ်တရက်လဲကျကွယ်လွန်သွားသည့် အသက် ၈၉ နှစ်အရွယ် အဘိုးအတွက် အလုပ်ရှင်က မိသားစုဝင်များကို ရှာဖွေပေးနေ

စင်ကာပူနိုင်ငံ West Coast Plaza ရှိ Javanese Massage အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၈၉ နှစ်အရွယ် အဘိုး Jin Chin Seng (ခေါ်) Uncle Jin သည် ဧပြီလ ၂၀ ရက်...

စင်ကာပူနိုင်ငံ West Coast Plaza ရှိ Javanese Massage အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၈၉ နှစ်အရွယ် အဘိုး Jin Chin Seng (ခေါ်) Uncle Jin သည် ဧပြီလ ၂၀ ရက်နေ့က အလုပ်ခွင်၌ ရုတ်တရက် မူးဝေလဲကျသွားခဲ့ပြီး National University Hospital (NUH) တွင် ကုသမှုခံယူစဉ် ဧပြီလ ၂၃ ရက်နေ့၌ ကွယ်လွန်သွားခဲ့သည်။ ဆရာဝန်များ၏ စစ်ဆေးချက်အရ အဘိုးမှာ ဦးခေါင်းအတွင်း သွေးယိုစီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတွင် ရှန်ဟိုင်း၌နေထိုင်သည့် သားတစ်ဦးနှင့် သမီး ၄ ဦးရှိကြောင်း သိရသော်လည်း ဖေဖော်ဝါရီလက ဖုန်းပျောက်ဆုံးခဲ့မှုကြောင့် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေခဲ့သည်။ လက်ရှိတွင် အလုပ်ရှင်ဖြစ်သူ Sherri က အဘိုး၏နောက်ဆုံးခရီးကို မိသားစုဝင်များ အချိန်မီလိုက်ပါနှုတ်ဆက်နိုင်ရန် အပူတပြင်းရှာဖွေပေးနေပြီး မိသားစုဝင်များကို ရှာမတွေ့ခဲ့ပါကလည်း ၎င်းကိုယ်တိုင် တာဝန်ယူသင်္ဂြိုဟ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

14