back

ပြည်တွင်းရှိ သတင်းအေဂျင်စီသုံးခုကို ပိတ်သိမ်းကြောင်း ပြန့်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

Apr 24 • 10:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရှိ သတင်းအေဂျင်စီသုံးခုကို ပိတ်သိမ်းကြောင်း ပြန့်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

ပြည်တွင်းသတင်းဌာနများဖြစ်သည့် ဆလိုင်းရန်လင်းမာန် ပိုင်ဆိုင်သည့် Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်းထန်းစန်းငါ ပိုင်ဆိုင်သည့် KHONUMTHUNG MEDIA GROUP သတင်းအေဂျ...

ပြည်တွင်းသတင်းဌာနများဖြစ်သည့် ဆလိုင်းရန်လင်းမာန် ပိုင်ဆိုင်သည့် Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်းထန်းစန်းငါ ပိုင်ဆိုင်သည့် KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင် ပိုင်ဆိုင်သည့် မျက်မှောက်ခေတ် (Nowadays News) သတင်းအေဂျင်စီသုံးခုသည် ဥပဒေပါစည်းကမ်းချက်များကို လိုက်နာခြင်းမရှိ၍ နိုင်ငံတော်လုံ ခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူအေးချမ်းသာယာရေးကို ထိ ခိုက်စေသည့် အကြောင်းအရာများ ရေးသားထုတ်လွှင့်ဖော်ပြခဲ့ခြင်းကြောင့် ပိတ်သိမ်းခြင်းဖြစ်ကြောင်း ယနေ့ ဧပြီလ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။အဆိုပါ သတင်းအေဂျင်စီလုပ်ငန်းသုံးခုကို ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်းထားကြောင်းကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကြေညာထားသည်။ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး ဥပဒေချိုးဖောက်မှုတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ပြန်လည်ရုပ်သိမ်းခြင်း (သို့မဟုတ်) ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။ထိုသို့ဆောင်ရွက်ရာတွင် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်များနှင့် မကိုက်ညီသည့် အကြောင်းအရာများကို ထုတ်ဝေခဲ့သည်ဟု ခိုင်လုံသော အထောက်အထားများဖြင့် သတင်းပေးပို့လာမှုများကို လက်ခံရရှိပါက (သို့မဟုတ်) ကိုယ်တိုင်သိရှိပါက စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

46