back

တနင်္သာရီတိုင်း၊ကျွန်းစုနှင့် ဘုတ်ပြင်းရှိကျေးရွာများတွင် ရေရှားပါးနေပြီး ရေဈေးနှစ်ဆကျော်တက်

Apr 23 • 3:41 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ကျွန်းစုနှင့် ဘုတ်ပြင်းရှိကျေးရွာများတွင် ရေရှားပါးနေပြီး ရေဈေးနှစ်ဆကျော်တက်

တနင်္သာရီတိုင်း၊ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ရေရှားပါးနေပြီး ရေဈေးနှုန်းနှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ပုံမှန်အားဖြင့် ...

တနင်္သာရီတိုင်း၊ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် ရေရှားပါးနေပြီး ရေဈေးနှုန်းနှစ်ဆကျော် မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ပုံမှန်အားဖြင့် ပူပြင်းခြောက်သွေ့သည့် နွေရာသီတွင် ရေရှားပါးပြီး ဈေးတက်လေ့ရှိသော်လည်း လက်ရှိတွင် စက်သုံးဆီဈေးပါတက်နေသဖြင့် အဆမတန် မြင့်တက်လာခြင်းဖြစ်ကြောင်း ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်နေ ဒေသခံများကဆိုသည်။ရေစုပ်စက်တွင် အသုံးပြုသည့်ဓာတ်ဆီဈေး တက်လာခြင်းကြောင့် ရေဈေးနှုန်းလည်း ယမန်နှစ်ထက် ၂ ဆကျော်တက်လာခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက‌ ဆိုသည်။

news-view-count-icon

27