back

အမေရိကန်ရောက် မြန်မာ ၅ ဦး အဖမ်းခံရ

Apr 16 • 8:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်ရောက် မြန်မာ ၅ ဦး အဖမ်းခံရ

မြန်မာပြည်ဖွားအများအပြားနေထိုင်သော အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင်  မြန်မာနိုင်ငံသား ၅ ဦးကို အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခ...



မြန်မာပြည်ဖွားအများအပြားနေထိုင်သော အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့တွင်  မြန်မာနိုင်ငံသား ၅ ဦးကို

 အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE )အဖွဲ့က ဧပြီလ ၁၅ ရက်၌ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။


ဘတ်ဖဲလိုးမြို့၀န်းကျင်တွင် ICE အဖွဲ့မှ တရားမ၀င်လာရောက်သူများအား ဖမ်းဆီးစစ်ဆေးနေစဥ် မြန်မာပြည်ဖွား၅ ဦးလည်း အဖမ်းခံရခြင်းဖြစ်သည်။


" ကျနော် သိသလောက်က Asylum ( နိုင်ငံရေးခိုလှုံခွင့် ) သမားတွေပါ ။ ဒုက္ခသည်လို့တော့မကြားမိသေးဘူး" ဟုဘတ်ဖဲလိုးမြို့ခံကိုစိုးသန်းက ဆိုသည်။


ဖမ်းဆီးခံရသူများမှာ အမျိုးသားများဖြစ်ပြီး ထိုအထဲမှ တဦးသည် Pembroke Amazon Flex ကုန်ပစ္စည်းသိုလှောင်ရုံ၌ Delivery လုပ်ရန် ပစ္စည်းသွားအယူ Parking lot ထဲ စောင့်နေသော ICE တပ်ဖွဲ့ဝင်များ ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက်သတင်းများတင်ဆက်ပေးနေသည့် Newswise သတင်းစာမျက်နှာတွင် ရေးသားထားသည်။


သမ္မတ ထရမ့်တက်လာပြီးနောက် အမေရိကန်နိုင်ငံသို့တရားမ၀င်လာရောက်သူများအားဖမ်းဆီးစစ်ဆေးခြင်းနှင့်နေရပ်ပြန်လည်ပို့ဆောင်ခြင်းများကို မြို့ကြီးအချို့တွင်ပြလုပ်လာခဲ့ပြီး ICE ၏ ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိနေသည်။


ဘတ်ဖဲလိုးမြို့သည်အမေရိကန်ပြည်ထောင်စုရှိမြို့နယ်များထဲတွင်မြန်မာပြည်ဖွားအများအပြားနေထိုင်သည့်မြို့တမြို့ဖြစ်သည်။

news-view-count-icon

57