back

မြောက်ဒဂုံမြို့တွင် ရေပက်ခံယာဉ်တစ်စီး ယာဉ်ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ခုနှစ်ဦး ဒဏ်ရာရ

Apr 14 • 6:20 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြောက်ဒဂုံမြို့တွင် ရေပက်ခံယာဉ်တစ်စီး ယာဉ်ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ခုနှစ်ဦး ဒဏ်ရာရ

ဧပြီ ၁၄ ရက်၊ နံနက် ၉ နာရီကျော်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီးတွင် ရေပက်ခံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မြို့ဦးလုလင်န...

ဧပြီ ၁၄ ရက်၊ နံနက် ၉ နာရီကျော်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ တောင်မြောက်လမ်းဆုံအနီးတွင် ရေပက်ခံယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မြို့ဦးလုလင်နရေးကူညီမှုအသင်း၊ ၂၈ ရပ်ကွက် လူမှုကူညီရေး အသင်းနှင့် အခြားတာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း သိရသည်။ "ရေပက်ခံကားက ဘီးကျွတ်ထွက်ပြီး လမ်းလယ်တုံးနဲ့တိုက်ပြီး ကားမှောက်တာပါ။ကိုယ်ဝန်ဆောင်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ စုစုပေါင်း ခုနှစ်ဦး ဒဏ်ရာရပါတယ်"ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့သည့် မြို့ဦးလုလင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

news-view-count-icon

25