back

ဖီအိုရင်တီးနားနဲ့ပွဲမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့တယ်လို့ ပဲလေ့စ်နည်းပြ ဂလက်စ်နာ ပြောကြား

Apr 10 • 2:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖီအိုရင်တီးနားနဲ့ပွဲမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့တယ်လို့ ပဲလေ့စ်နည်းပြ ဂလက်စ်နာ ပြောကြား

ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာက ဖီအိုရင်တီးနားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိ...

ခရစ္စတယ်ပဲလေ့စ်နည်းပြ ဂလက်စ်နာက ဖီအိုရင်တီးနားနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အသင်းအနေနဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အဲဒီပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရောက်ဖို့ အလားအလာတော်တော်ကောင်းသွားခဲ့ပါတယ်။ဒါကြောင့် ဂလက်စ်နာက ထူးခြားတဲ့ ခံစားမှုကို ခံစားရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေမှာ အိမ်ရှင်အသင်း(၄)သင်းစလုံး အနိုင်ရရှိခဲ့ပြီး ရှက်တာဒိုးနက်က အယ်လ်ခမာကို (၃-၀)ဂိုး၊ ဗယ်လက်ကာနိုက အေသင်ကို (၃-၀)ဂိုး၊ မိန့်ဇ်က စထရာဘိုးကို (၂-၀)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

news-view-count-icon

35