back

ဂျပန်သုတေသနအဖွဲ့ ကြောင်များ အစားအစာကို ကုန်အောင်မစားဘဲ ချန်ထားရသည့်အကြောင်းရင်းကို ရှာဖွေတွေ့ရှိ

Apr 09 • 4:56 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်သုတေသနအဖွဲ့ ကြောင်များ အစားအစာကို ကုန်အောင်မစားဘဲ ချန်ထားရသည့်အကြောင်းရင်းကို ရှာဖွေတွေ့ရှိ

ဂျပန်၊Iwate တက္ကသိုလ်မှ သုတေသနပညာရှင်များကကြောင်များ အစားစားသည့်အခါ အကုန်မစားဘဲ ချန်ထားလေ့ရှိခြင်းမှာ ဗိုက်ပြည့်သွားခြင်းကြောင့်သာမက အစားအစာ၏ အနံ့ကို ရိုးသွားခြ...

ဂျပန်၊Iwate တက္ကသိုလ်မှ သုတေသနပညာရှင်များကကြောင်များ အစားစားသည့်အခါ အကုန်မစားဘဲ ချန်ထားလေ့ရှိခြင်းမှာ ဗိုက်ပြည့်သွားခြင်းကြောင့်သာမက အစားအစာ၏ အနံ့ကို ရိုးသွားခြင်း (Scent Habituation) ကြောင့်လည်း ဖြစ်နိုင်ကြောင်း ဧပြီလ ၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ ပရော်ဖက်ဆာ Masao Miyazaki ဦးဆောင်သော အဖွဲ့သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၃ နှစ်ကြာ လေ့လာမှုပြုလုပ်ခဲ့ရာတွင် ကြောင်များသည် အစားအစာတစ်ခုတည်းကိုပင် အနံ့ခဏခဏရနေပါက စားချင်စိတ် လျော့နည်းသွားတတ်ကြောင်း တွေ့ရှိခဲ့ရသည်။သို့သော် အဆိုပါအစားအစာကိုပင် အနံ့အသစ်တစ်ခု (ဥပမာ- အခြားအစားအစာ၏အနံ့) ထပ်မံဖြည့်စွက်ပေးလိုက်ပါက ကြောင်များ၏ စားချင်စိတ် ပြန်လည်နိုးထလာသည်ကို သတိပြုမိခဲ့ကြသည်။ ဤသုတေသနရလဒ်သည် ကြောင်များ အဘယ်ကြောင့် အစားကို နည်းနည်းနှင့် ခဏခဏ စားတတ်ကြသနည်းဆိုသည့်အချက်ကို သိပ္ပံနည်းကျ ရှင်းပြနိုင်ခဲ့သည်။ ပညာရှင်များက ဤတွေ့ရှိချက်ကို အသုံးပြု၍ အစားအသောက်ပျက်နေသော နာမကျန်းကြောင်များအတွက် အနံ့အသစ်များ ထည့်သွင်းပေးခြင်းဖြင့် အာဟာရပိုမိုမှီဝဲနိုင်စေရန် ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

news-view-count-icon

31