back

မြန်မာနေရှင်နယ်လိဂ် ရာသီသစ်အတွက် COO များ ခန့်အပ်ပြီး ပြိုင်ပွဲအဆင့်မြှင့်တင်ရေး ဆွေးနွေး

Apr 07 • 3:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနေရှင်နယ်လိဂ် ရာသီသစ်အတွက် COO များ ခန့်အပ်ပြီး ပြိုင်ပွဲအဆင့်မြှင့်တင်ရေး ဆွေးနွေး

မြန်မာနေရှင်နယ်လိဂ် (MNL) အမျိုးသားနှင့် အမျိုးသမီး ရာသီသစ်ပြိုင်ပွဲများအတွက် Chief Operating Officer (COO) များအဖြစ် ဦးစည်သူဝင်းနှင့် ဦးမိုးဝေအောင်တို့ကို ခန့်...

မြန်မာနေရှင်နယ်လိဂ် (MNL) အမျိုးသားနှင့် အမျိုးသမီး ရာသီသစ်ပြိုင်ပွဲများအတွက် Chief Operating Officer (COO) များအဖြစ် ဦးစည်သူဝင်းနှင့် ဦးမိုးဝေအောင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။ ဦးစည်သူဝင်းသည် MNL အမျိုးသားလိဂ်အတွက် တာဝန်ယူမည်ဖြစ်ပြီး ဦးမိုးဝေအောင်မှာ MWL အမျိုးသမီးလိဂ်အတွက် တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပခဲ့သည့် MNL ကော်မတီအစည်းအဝေးတွင် အဆိုပါခန့်အပ်မှုများအပြင် လာမည့်ရာသီသစ်တွင် အိမ်ကွင်း/အဝေးကွင်းစနစ်ဖြင့် ပိုမိုကောင်းမွန်အောင် ကျင်းပနိုင်ရေး၊ အသက်အရွယ်လိမ်လည်မှုနှင့် အဂတိလိုက်စားမှုများကို ထိရောက်စွာအရေးယူရေးတို့ကို ဦးစားပေးဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပြိုင်ပွဲများ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်နှင့် မီဒီယာ၊ စပွန်ဆာလုပ်ငန်းများ တိုးတက်လာစေရန်အတွက်လည်း ထည့်သွင်းတိုင်ပင်ခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

28