back

ကမ္ဘာ့အင်အားအကောင်းဆုံး ဟိုက်ဒရိုဂျင်အင်ဂျင်သုံး တရုတ်လေယာဉ် ပထမဆုံးအကြိမ် ပျံသန်းမှုအောင်မြင်

Apr 06 • 3:07 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ကမ္ဘာ့အင်အားအကောင်းဆုံး ဟိုက်ဒရိုဂျင်အင်ဂျင်သုံး တရုတ်လေယာဉ် ပထမဆုံးအကြိမ် ပျံသန်းမှုအောင်မြင်

ဟိုက်ဒရိုဂျင် အင်ဂျင်တပ်ဆင်ထားတဲ့ တရုတ်ကုန်တင်လေယာဉ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ သိရသလို ဒါဟာ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင...

ဟိုက်ဒရိုဂျင် အင်ဂျင်တပ်ဆင်ထားတဲ့ တရုတ်ကုန်တင်လေယာဉ်ဟာ သူ့ရဲ့ ပထမဆုံး ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့တယ်လို့ သိရသလို ဒါဟာ တရုတ်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လေကြောင်းကဏ္ဍ (Green Aviation) အတွက် မှတ်တိုင်သစ် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ လူမပါတဲ့ (Uncrewed) ၇ ဒသမ ၅ တန်ရှိ ကုန်တင်လေယာဉ် အမျိုးအစားဖြစ်ပြီး ကမ္ဘာ့အင်အားအကောင်းဆုံး ဟိုက်ဒရိုဂျင် တာဘိုပရော့ပ် (Hydrogen Turboprop) အင်ဂျင်ကို တပ်ဆင်ထားတာပါ။ အဲဒီအင်ဂျင်ဟာ စွမ်းအင် ၁ မဂ္ဂါဝပ်ကျော် (မြင်းကောင်ရေ (hp) ၁,၃၄၁ အထက်) အထိ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။



news-view-count-icon

4