back

အမေရိကန် တိုက်လေယာဉ် ၂ စီးနှင့် ဘလက်ဟော့ (Black Hawk) ရဟတ်ယာဉ်များကို အီရန် ပစ်ခတ်၊ လေယာဉ်မှူး ၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေ

Apr 04 • 6:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် တိုက်လေယာဉ် ၂ စီးနှင့် ဘလက်ဟော့ (Black Hawk) ရဟတ်ယာဉ်များကို အီရန် ပစ်ခတ်၊ လေယာဉ်မှူး ၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေ

အေပရယ်၃ရက်သောကြာနေ့က အမေရိကန် စစ်လေယာဉ် နှစ်စီးကို အီရန်က ပစ်ချခဲ့ပြီး လေယာဉ်မှူး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ တတိယမြောက် လေယာဉ်မှူးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တီဟ...

အေပရယ်၃ရက်သောကြာနေ့က အမေရိကန် စစ်လေယာဉ် နှစ်စီးကို အီရန်က ပစ်ချခဲ့ပြီး လေယာဉ်မှူး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကာ တတိယမြောက် လေယာဉ်မှူးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး တီဟီရန်အစိုးရက လိုက်လံရှာဖွေလျက်ရှိသည်။ ပထမလေယာဉ်ဖြစ်သော ထိုင်ခုံနှစ်နေရာပါ အမေရိကန် F-15E ဂျက်တိုက်လေယာဉ်မှာ အီရန်နိုင်ငံအတွင်း ပစ်ချခံခဲ့ရပြီး ယင်း၏ လေယာဉ်အမှုထမ်း နှစ်ဦးအနက် တစ်ဦးကို အမေရိကန် အထူးတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်းနှင့် အခြားတစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမေရိကန် မီဒီယာများကဖော်ပြသည်။

news-view-count-icon

34