back

ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး လျှပ်စစ်မီးပေးနေ

Apr 03 • 4:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး လျှပ်စစ်မီးပေးနေ

ရန်ကုန်မြို့တွင် (ဧပြီ ၂)၌ System Breakdown ဖြစ်နေချိန်များတွင် ဆေးရုံကြီးများ ဓာတ်အားရရှိရေး အတွက် ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု YESC ထုတ်ပြန်ထားသည...

ရန်ကုန်မြို့တွင် (ဧပြီ ၂)၌ System Breakdown ဖြစ်နေချိန်များတွင် ဆေးရုံကြီးများ ဓာတ်အားရရှိရေး အတွက် ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု YESC ထုတ်ပြန်ထားသည်။ယင်းအချိန် အတွင်းရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine တစ်လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေးနေသည်ဟုလည်း ဆိုသည်။System Breakdown သည် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။ထို့ကြောင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်ဟု YESC က ထုတ်ပြန်ထားသည် ။

news-view-count-icon

17