back

ဧပြီလအားလပ်ရက်များအတွက် တရုတ်လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှု ၂၀ ရာခိုင်နှုန်း မြင့်တက်

Mar 31 • 8:43 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ဧပြီလအားလပ်ရက်များအတွက် တရုတ်လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှု ၂၀ ရာခိုင်နှုန်း မြင့်တက်

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်န...

စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ ပိုမိုဈေးကြီးနေသော်လည်း ယခုသီတင်းပတ်ကုန်တွင် စတင်မည့် နှစ်ပတ်လည် ချင်းမင်းပွဲတော် အားလပ်ရက်အတွက် တရုတ်နိုင်ငံ၏ လေကြောင်းခရီးစဉ် ကြိုတင်မှာယူမှုများသည် ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။တရုတ်နိုင်ငံပိုင်ရုပ်သံ CCTV ၏ ဖော်ပြချက်အရ ကြာသပတေးနေ့အထိ အားလပ်ရက်ခရီးစဉ်အတွက် လေယာဉ်လက်မှတ် ကြိုတင်မှာယူမှုပေါင်း ၂.၀၄ သန်း ရှိခဲ့ပြီဖြစ်ကြောင်း TravelSky Technology မှ အချက်အလက်များကို ကိုးကား၍ ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံတကာခရီးစဉ် (အဝင်/အထွက်) ကြိုတင်မှာယူမှုမှာ ၆၀၀,၀၀၀ ရှိပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

news-view-count-icon

12