back

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် မြန်မာဖိုက်တာ ၃ ဦးစလုံး ရှုံးပွဲကြုံတွေ့

Mar 31 • 8:08 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲများတွင် မြန်မာဖိုက်တာ ၃ ဦးစလုံး ရှုံးပွဲကြုံတွေ့

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သော ခွန်ခမာ (Kun Khmer) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဝေစာဖိုက်တာများဖြစ်ကြသော ရာမာ...

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သော ခွန်ခမာ (Kun Khmer) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာဝေစာဖိုက်တာများဖြစ်ကြသော ရာမာဉ်၊ အောင်ကောင်းကျော်နှင့် ငြိမ်းချမ်းအေး တို့ သုံးဦးစလုံး ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ရသည်။ မတ်လ ၂၉ ရက်က ကျင်းပသည့် Mas Cambodia Masfight ပြိုင်ပွဲတွင် ရာမာဉ်သည် အိမ်ရှင်ဖိုက်တာ လန်းလီနှင့် ၇၅ ကီလိုတန်းတွင် ၃ ချီယှဉ်ပြိုင်ခဲ့ရာ၊ ဒုတိယအချီတွင် ပတ်ပြေးမှုကြောင့် ဒိုင်သတိပေးခြင်းခံခဲ့ရပြီး ပွဲအပြီးတွင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် အောင်ကောင်းကျော်သည် ပထမအချီ၌ပင် ဒိုင်ပွဲရပ် (TKO) ဖြင့်လည်းကောင်း၊ ငြိမ်းချမ်းအေးသည် ဒုတိယအချီတွင် ဒိုင်ပွဲရပ် (TKO) ဖြင့်လည်းကောင်း အသီးသီး ရှုံးနိမ့်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

14