back

Call Center သို့တိုင်ကြားခဲ့သည့် "စိန်စီအောင်"စက်သုံးဆီအရောင်းဆိုင်၏ လိုင်စင်ကိုယာယီပိတ်သိမ်း

Mar 28 • 3:37 PM

breaking-news

မြန်မာ

မန္တလေး

cover

Call Center သို့တိုင်ကြားခဲ့သည့် "စိန်စီအောင်"စက်သုံးဆီအရောင်းဆိုင်၏ လိုင်စင်ကိုယာယီပိတ်သိမ်း

စက်သုံးဆီဝယ်ယူရာတွင်အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးနှင့် တိုင်ကြားမှုများပြုလုပ်နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနမှ Call Center ဖွင့်လှစ်၍ ပြန်လည်ဖြေရှ...

စက်သုံးဆီဝယ်ယူရာတွင်အခက်အခဲများရှိပါက ကူညီဖြေရှင်းပေးနိုင်ရေးနှင့် တိုင်ကြားမှုများပြုလုပ်နိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနမှ Call Center ဖွင့်လှစ်၍ ပြန်လည်ဖြေရှင်းမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ထိုသို့ ဖွင့်လှစ်ထားရာမှ Call Center သို့ဆက်သွယ်၍ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပုလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ "စိန်စီအောင်"စက်သုံးဆီအရောင်းဆိုင်နှင့်ပတ်သက်သောတိုင်ကြားမှုကို တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ထို့နောက် "စိန်စီအောင်"စက်သုံးဆီအရောင်းဆိုင် လိုင် စင်အမှတ်(၀၅၁၂)အား စီမံခန့်ခွဲရေးနည်းလမ်းအရ လိုင်စင်ယာယီပိတ်သိမ်းခဲ့ပြီး အရောင်းဆိုင်နှင့်သက်ဆိုင်သည့် တာဝန်ရှိသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



news-view-count-icon

36