back

ဧပြီလအတွင်း ဧရာဝတီအပါအဝင် မြစ်ရေများလက်ရှိ ရေမှတ်များထက် အနည်းဆုံးပေဝက် ခန့်မှ အများဆုံး ၇ပေ အထိ မြင့်တက်နိုင်

Mar 28 • 8:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဧပြီလအတွင်း ဧရာဝတီအပါအဝင် မြစ်ရေများလက်ရှိ ရေမှတ်များထက် အနည်းဆုံးပေဝက် ခန့်မှ အများဆုံး ၇ပေ အထိ မြင့်တက်နိုင်

ဧပြီလအတွင်း ဧရာဝတီအပါအဝင် မြစ်ရေများလက်ရှိ ရေမှတ်များထက် အနည်းဆုံးပေဝက် ခန့်မှ အများဆုံး ၇ပေ အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧ...

ဧပြီလအတွင်း ဧရာဝတီအပါအဝင် မြစ်ရေများလက်ရှိ ရေမှတ်များထက် အနည်းဆုံးပေဝက် ခန့်မှ အများဆုံး ၇ပေ အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ လပတ်အတွက် မိုးလေ၀သနှင့် ဇလဗေဒခန့်မှန်းချက်အရ သိရသည်။ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက်မြင့်တက်လာနိုင်ကြောင်းသိရသည်။ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ၃ ပေမှ ၅ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ပေဝက်ခန့်မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။


news-view-count-icon

47