back

ပါကစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် စီစဉ်

Mar 28 • 7:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပါကစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ပရိသတ်မပါဘဲ ကွင်းပိတ်ကစားရန် စီစဉ်

လာမည့် မတ်လ ၃၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ ဂျင်းနားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ ၂၀၂၇ အာရှဖလား တတိယ...

လာမည့် မတ်လ ၃၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့ရှိ ဂျင်းနားအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည့် ပါကစ္စတန်အသင်းနှင့် မြန်မာအသင်းတို့၏ ၂၀၂၇ အာရှဖလား တတိယအဆင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို ကွင်းပိတ်ကျင်းပသွားမည်ဖြစ်ကြောင်း ပါကစ္စတန်ဘောလုံးအဖွဲ့ချုပ် (PFF) က ထုတ်ပြန်ခဲ့သည်။ အဆိုပါပွဲစဉ်ကို မူလက ပရိသတ်များရှေ့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပါကစ္စတန်အစိုးရ၏ ဥပဒေပြဋ္ဌာန်းချက်အသစ်ကြောင့် အစီအစဉ်ပြောင်းလဲခဲ့ရခြင်းဖြစ်သည်။ နှစ်သင်းစလုံးမှာ နောက်တစ်ဆင့်တက်ရန် အခွင့်အရေးမရှိတော့သော်လည်း FIFA Ranking တိုးတက်စေရန်အတွက် အနိုင်ရရှိရန် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ မြန်မာအသင်းသည် ပထမအကျော့တွင် ပါကစ္စတန်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိထားသကဲ့သို့ ပြီးခဲ့သည့် မတ်လ ၂၆ ရက်ကလည်း အာဖဂန်နစ္စတန်အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည့် အရှိန်အဟုန်နှင့်အတူ ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

news-view-count-icon

21