back

သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ထရမ့်ပ်တို့ မေလလယ်တွင် ပေကျင်း၌ တွေ့ဆုံမည်ဟု အိမ်ဖြူတော်အတည်ပြု

Mar 27 • 4:52 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ထရမ့်ပ်တို့ မေလလယ်တွင် ပေကျင်း၌ တွေ့ဆုံမည်ဟု အိမ်ဖြူတော်အတည်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးတွေ့ဆုံပွဲကို လာမည့် မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြော...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့၏ ထိပ်သီးတွေ့ဆုံပွဲကို လာမည့် မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။ မူလက မတ်လနှောင်းပိုင်းတွင် ကျင်းပရန် လျာထားခဲ့သော်လည်း အီရန်စစ်ပွဲအခြေအနေများကြောင့် ရက်သတ္တပတ် ၆ ပတ်ခန့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ သမ္မတထရမ့်ပ်ကလည်း ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ယခုခရီးစဉ်အတွက် ပြင်ဆင်မှုများ အပြီးသတ်လုပ်ဆောင်နေပြီး သမ္မတရှီနှင့် တွေ့ဆုံရန် မျှော်လင့်နေကြောင်း ရေးသားခဲ့သည်။ ထို့ပြင် ယခုနှစ်အနှောင်းပိုင်းတွင် တရုတ်သမ္မတဇနီးမောင်နှံက ဝါရှင်တန်သို့ အပြန်အလှန်ခရီးစဉ်အဖြစ် လာရောက်မည့်အစီအစဉ်ကိုလည်း အိမ်ဖြူတော်သတင်းပြန်ကြားရေးမှူး ကာရိုလင်း လီဗစ်က အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

1