back

မွန်ဒေသ လစာနည်းဝန်ထမ်းများ ဆီအခက်ကြောင့် နေ့စဉ် ရုံးမတက်နိုင်တော့

Mar 26 • 2:49 PM

breaking-news

မြန်မာ

မွန်

cover

မွန်ဒေသ လစာနည်းဝန်ထမ်းများ ဆီအခက်ကြောင့် နေ့စဉ် ရုံးမတက်နိုင်တော့

မွန်ပြည်နယ်၊မော်လမြိုင်နှင့် ပတ်ဝန်းကျင်မြို့များရှိ လာဘ်ငွေမရသော လစာနည်းဝန်ထမ်းတို့မှာ စက်သုံးဆီအခက်အခဲကြောင့် နေ့စဉ်ရုံးမတက်နိုင်တော့ကြောင်း သိရသည်။စက်သုံးဆီက...

မွန်ပြည်နယ်၊မော်လမြိုင်နှင့် ပတ်ဝန်းကျင်မြို့များရှိ လာဘ်ငွေမရသော လစာနည်းဝန်ထမ်းတို့မှာ စက်သုံးဆီအခက်အခဲကြောင့် နေ့စဉ်ရုံးမတက်နိုင်တော့ကြောင်း သိရသည်။စက်သုံးဆီကို အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသဖြင့် အချိန်ကုန်နေခြင်းနှင့် ဆီမလောက်ဌခြင်းတို့ ကြောင့် နေ့စဉ်ရုံးမတက်နိုင်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာအကြီးအကဲများကလည်း နားလည်မှုပေးထားကြ ကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။ယနေ့(မတ်၂၆ရက်)မော်လမြိုင်မြို့စက်သုံးဆီရည်ညွှန်းဈေးမှာ ဓာတ်ဆီ(92)တစ်လီတာ ၃၇၆၅ကျပ်၊ ဓာတ်ဆီ(95)၃၉၉၅ကျပ်၊ ဒီဇယ် ၄၉၉၀ကျပ်နှင့် ပရီမီယံဒီဇယ် ၅၀၃၀ကျပ် ဖြစ်သည်။


news-view-count-icon

17