back

အီတလီနိုင်ငံ တောင်တန်းဒေသ၌ ဆီးနှင်းပြိုကျမှုဖြစ်ပွား

Mar 23 • 7:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီတလီနိုင်ငံ တောင်တန်းဒေသ၌ ဆီးနှင်းပြိုကျမှုဖြစ်ပွား

အီတလီနိုင်ငံ၊ ဆောက်သ်တိုင်ရိုးလ် (South Tyrol) တောင်တန်းဒေသရှိ အမြင့် ၇,၈၇၄ ပေခန့်ရှိသော ဟိုဟီဖာစီ (Hohe Furci) တောင်စောင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်က ဆီးနှင...

အီတလီနိုင်ငံ၊ ဆောက်သ်တိုင်ရိုးလ် (South Tyrol) တောင်တန်းဒေသရှိ အမြင့် ၇,၈၇၄ ပေခန့်ရှိသော ဟိုဟီဖာစီ (Hohe Furci) တောင်စောင်းတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်က ဆီးနှင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် နှင်းလျှောစီးသမား ၂ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အခြားနှင်းလျှောစီးသမား ၂၃ ဦးခန့်မှာလည်း နှင်းများအတွင်း ပိတ်မိနေနိုင်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

လက်ရှိတွင် ကယ်ဆယ်ရေးသမား ၈၀ ခန့်က ရဟတ်ယာဉ် ၆ စင်းဖြင့် ပိတ်မိနေသူများကို ကယ်တင်ရန် အပြင်းအထန် ကြိုးပမ်းလျက်ရှိသည်။ ဥရောပတွင် ယခုနှစ် နှင်းလျှောစီးရာသီအတွင်း သေဆုံးသူအရေအတွက်မှာ ယမန်နှစ်ထက် ပိုမိုမြင့်မားနေပြီး ပြီးခဲ့သည့် အောက်တိုဘာလမှ ယခုအချိန်အထိ စုစုပေါင်း သေဆုံးသူ ၁၂၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

25