back

စင်ကာပူမွတ်စလင်များ မတ်လ ၂၁ ရက်တွင် ဟာရီရာယာ အီးဒ်ပွဲတော် ကျင်းပမည်

Mar 20 • 2:57 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူမွတ်စလင်များ မတ်လ ၂၁ ရက်တွင် ဟာရီရာယာ အီးဒ်ပွဲတော် ကျင်းပမည်

စင်ကာပူရှိ မွတ်စလင်ဘာသာဝင်များသည် လာမည့်စနေနေ့ (မတ်လ ၂၁ ရက်) တွင် ဟာရီရာယာ ပူဆာ (Hari Raya Puasa) အီးဒ်ပွဲတော် ကို ဆင်နွှဲကြမည် ဖြစ်သည်။စင်ကာပူနိုင်ငံရှိ မွတ်စ...

စင်ကာပူရှိ မွတ်စလင်ဘာသာဝင်များသည် လာမည့်စနေနေ့ (မတ်လ ၂၁ ရက်) တွင် ဟာရီရာယာ ပူဆာ (Hari Raya Puasa) အီးဒ်ပွဲတော် ကို ဆင်နွှဲကြမည် ဖြစ်သည်။စင်ကာပူနိုင်ငံရှိ မွတ်စလင်ဘာသာဝင်များအတွက် သောကြာနေ့ (မတ်လ ၂၀ ရက်) သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်ဥပုသ်လ၏ နောက်ဆုံးနေ့ ဖြစ်ပါသည်။ကြာသပတေးနေ့ နေဝင်ချိန်တွင် စင်ကာပူ၏ မိုးကုတ်စက်ဝိုင်းအထက်၌ ရှောင်ဝါလ် (Syawal) လဆန်းအကြို လခြမ်းကို မြင်တွေ့နိုင်သည့် အနေအထားတွင် မရှိခဲ့ကြောင်း စင်ကာပူနိုင်ငံ၏ မုဖ်သီ (အစ္စလာမ်သာသနာ့ဦးစီးမှူး) ဒေါက်တာ နာဇီရူဒင် မိုဟာမက် နာဆီယာ (Dr Nazirudin Mohd Nasir) ကကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ထို့ကြောင့် ယခုနှစ် ဟစ်ဂျရီသက္ကရာဇ် ၁၄၄၇ ခုနှစ်အတွက် သောကြာနေ့သည် ရက်ပေါင်း ၃၀ ပြည့်မြောက်သည့် ရာမဒါန်လ၏ နောက်ဆုံးနေ့ဖြစ်ပြီး၊ ရှောင်ဝါလ်လ၏ ပထမရက် (အီးဒ်ပွဲတော်နေ့) သည် စနေနေ့တွင် ကျရောက်မည် ဖြစ်သည်။"ကျန်ရှိနေသေးတဲ့ ရာမဒါန်လမြတ်အတွင်းမှာ ကောင်းမှုကုသိုလ်တွေနဲ့ ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ပြီး အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြပါစို့" ဟု ဒေါက်တာ နာဇီရူဒင်က စင်ကာပူ အစ္စလာမ်ဘာသာရေးကောင်စီ (MUIS) မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

news-view-count-icon

19