back

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ဇန်နဝါရီ-ဖေဖော်ဝါရီကာလအတွင်း ၆.၁ ရာခိုင်နှုန်း မြင့်တက်

Mar 19 • 1:28 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ဇန်နဝါရီ-ဖေဖော်ဝါရီကာလအတွင်း ၆.၁ ရာခိုင်နှုန်း မြင့်တက်

စီးပွားရေးလုပ်ငန်း၏ အဓိက တိုင်းတာချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ကီလိုဝပ်နာရီ ၁.၆၅ ထရီလီယံကျော်အထိ...

စီးပွားရေးလုပ်ငန်း၏ အဓိက တိုင်းတာချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ကီလိုဝပ်နာရီ ၁.၆၅ ထရီလီယံကျော်အထိ ရှိခဲ့ပြီး ယင်းမှာ ယခင်နှစ်ကာလတူကထက် ၆.၁ ရာခိုင်နှုန်း မြင့်တက်ခြင်းဖြစ်ကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေးဌာနမှ မတ် ၁၇ ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။အဆိုပါအချက်အလက်များအား ခွဲခြမ်းစိတ်ဖြာချက်က ကဏ္ဍအသီးသီးတွင် အားရဖွယ်ရာ တိုးတက်လာမှုကို ဖော်ပြထားသည်။ပထမအဆင့်စက်မှုလုပ်ငန်းကဏ္ဍက လျှပ်စစ်ဓာတ်အားသုံးစွဲမှုအနေဖြင့် ၇.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စုစုပေါင်း သုံးစွဲမှုမှာမူ ကီလိုဝပ်နာရီ ၂၂.၃ ဘီလီယံအထိ ရှိခဲ့သည်။

ဒုတိယအဆင့်စက်မှုလုပ်ငန်းကဏ္ဍမှာ ယခင်နှစ်ကာလတူကထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ကီလိုဝပ်နာရီ ၁.၀၃ ထရီလီယံခန့် သုံးစွဲခဲ့ကာ တတိယအဆင့်စက်မှုလုပ်ငန်းအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၈.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး စုစုပေါင်း ကီလိုဝပ်နာရီ ၃၂၃.၁ ဘီလီယံ ရှိခဲ့သည်။အဆိုပါယခုနှစ် ပထမနှစ်လတာကာလအတွင်း နိုင်ငံ၏ နေထိုင်သူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကလည်း ယခင်နှစ်ကာလတူကထက် ၂.၇ ရာခိုင်နှုန်း မြင့်တက်လာပြီး ကီလိုဝပ်နာရီ ၂၈၁.၃ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

17