back

Singtel အသုံးပြုသူများ သုံးရက်ဆက်တိုက် ဖုန်းလိုင်းပြတ်တောက်မှုများနှင့် ကြုံတွေ့နေရ

Mar 18 • 3:44 PM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

Singtel အသုံးပြုသူများ သုံးရက်ဆက်တိုက် ဖုန်းလိုင်းပြတ်တောက်မှုများနှင့် ကြုံတွေ့နေရ

စင်ကာပူနိုင်ငံရဲ့ အဓိက ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Singtel အသုံးပြုသူအချို့ဟာ မတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက် ဝန်ဆောင်မှုပိုင်းဆိုင်ရ...

စင်ကာပူနိုင်ငံရဲ့ အဓိက ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Singtel အသုံးပြုသူအချို့ဟာ မတ်လ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက် ဝန်ဆောင်မှုပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ထပ်မံကြုံတွေ့နေရပါတယ်‌။ ဒါဟာ Singtel သုံးစွဲသူတွေအတွက် သုံးရက်ဆက်တိုက် ဝန်ဆောင်မှု ပြတ်တောက်မှု ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်‌။ ဝန်ဆောင်မှုအခြေအနေတွေကို စောင့်ကြည့်ဖော်ပြပေးတဲ့ Downdetector ဝဘ်ဆိုက်ရဲ့ အဆိုအရ ဒီကနေ့ ညနေ ၆ နာရီ ၁၈ မိနစ်ခန့်အထိ Singtel လိုင်းမရကြောင်း တိုင်ကြားမှုပေါင်း ၅၀၀ ကျော် ရှိခဲ့ပါတယ်‌။ Singtel ဘက်ကတော့ ဒီဖြစ်စဉ်ဟာ ဆိုင်ဘာတိုက်ခိုက်မှု (Cyber-related event) ကြောင့် ဖြစ်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးကြောင်း အစောပိုင်းက ထုတ်ပြန်ထားပါသည်။



news-view-count-icon

4