back

မြန်မာ့ပဲကြီး ပြည်ပပေါက်ဈေးမြင့်တက်နေကာ ပြည်တွင်းဈေးကျနေ

Mar 17 • 3:06 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့ပဲကြီး ပြည်ပပေါက်ဈေးမြင့်တက်နေကာ ပြည်တွင်းဈေးကျနေ

ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့နေသည့် ပဲကြီးက ယခုရက်သ တ္တပတ်တွင် ပြည်ပဈေးမြင့်တက်ပြီး ပြည်တွင်းဈေးက ကျဆင်းနေသည်။ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့်...

ပြည်တွင်းအဓိကစားသုံးပြီး ပြည်ပတင်ပို့နေသည့် ပဲကြီးက ယခုရက်သ တ္တပတ်တွင် ပြည်ပဈေးမြင့်တက်ပြီး ပြည်တွင်းဈေးက ကျဆင်းနေသည်။

ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်ပရောင်းချသည့် FOB ဈေးက တစ်တန် ဒေါ်လာ ၃၅ ဒေါ်လာ ဈေးမြင့်တက်သွားသည်။ ပဲကြီး FOB ဈေး တစ်တန် ဒေါ်လာ ၁,၁၇၅/၁,၁၈၅ မှ ၁,၂၀၅/၁,၂၁၅ သို့ ဈေးပြောင်းသွားသည်။ပဲကြီးပြည်တွင်းဈေးက ရန်ကုန်ဈေးကွက်တွင် အတက်အကျ အပြောင်းအလဲများ ရှိနေပြီး မန္တလေးဈေးကွက်တွင် ဈေးဆက်တိုက် ကျဆင်းနေသည်။ရန်ကုန်ဈေးကွက်တွင် ပဲကြီးပြည်တွင်းဈေးက ပဲကြီး (ကုန်း) 2026 တစ်ပိဿာ ကျပ် ၆,၇၈၀/၆,၉၆၀ မှ ၇,၈၂၅/၈,၀၀၀ သို့ ဈေးမြင့်တက်ပြီးနောက် ၇,၄၇၅/ ၇,၆၅၅ သို့ ဈေးပြောင်းသွားသည်။ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာ ကျပ် ၇,၅၂၀/၇,၇ရ၀ မှ ၈,၃၁၅/ ၈,၄၁၀ သို့ ဈေးမြင့်တက်ပြီးနောက် ၇,၉၆၀/၈,၃၂၀ သို့ ဈေးပြောင်းသွားသည်။မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အမျိုးအစားအားလုံးနီးပါး ဈေးပြန်ကျသည်။ ပဲကြီးအသစ်များ ဈေးကွက်ဝင်လာသဖြင့် ပဲကြီးတစ်တန်လျှင် ကျပ် ၃၀၀,၀၀၀ ကျော် ဈေးကျဆင်းသွားသည်။

news-view-count-icon

37