back

မန္တလေးနှင့် စစ်ကိုင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း တို့ ပူးပေါင်းဆောင်ရွက်နေသော ငလျင်ဘေးသင့်ပြည်သူများအား အကူအညီပေးနေမှုများကို ကြည့်ရှုလေ့လာ

Feb 08 • 12:58 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မန္တလေးနှင့် စစ်ကိုင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း တို့ ပူးပေါင်းဆောင်ရွက်နေသော ငလျင်ဘေးသင့်ပြည်သူများအား အကူအညီပေးနေမှုများကို ကြည့်ရှုလေ့လာ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေ သော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့လ...

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်နေ သော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လေ့လာရန် ရောက်ရှိနေသာ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူး Mr. Anders Ladekarl သည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယအထွေထွအတွင်းရေးမှူး ဒေါ်အေးအေးငြိမ်း၊ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ကြက် ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးတင်အောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာဝင်း၊ စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မှ တာဝန်ရှိသူများ၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီ အသင်း Country Manager Ms. Nuria Beneitez နှင့်အတူ ဖေဖော်ဝါရီလ (၅)ရက်နေ့ နှင့်(၆)ရက်နေ့ တို့တွင် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးသို့ သွားရောက်ခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူ များအား အကူအညီပေးနေမှုများကို ကြည့်ရှု လေ့လာခဲ့ပါသည်။

ထိုသို့ သွားရောက်ရာတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဟံသာဝတီကျေးရွာတွင် ကြားကာလနေအိမ်ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး ရပ်ရွာလူထုနှင့် တွေ့ဆုံ ဆောင်ရွက်နေမှုများနှင့် ဘက်စုံသုံးငွေသားထောက်ပံ့ခြင်းနှင့်ပတ်သက်ပြီး ရပ်ရွာလူထုထံမှ သဘောထားတုံ့ပြန်ချက်များကောက်ယူနေမှုများကို ကြည့်ရှုလေ့လာခဲ့ပြီး ယာယီတဲများ ထောက်ပံ့ ထားသော နေအိမ်များသို့ သွားရောက်ကာ ငလျင်ဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

မန္တလေးငလျင်တုံ့ပြန်ရေးရုံးနှင့် သိုလှောင်ရုံများကိုလည်းကောင်း၊ အမရပူရမြို့နယ် သောင်ကြီး ကျေးရွာတွင် ရပ်ရွာလူထုအခြေပြု စိတ်ပိုင်းဆိုင်ရာ အားပေးကူညီနေမှုများကို လည်းကောင်း၊ ပန်းချီကျေးရွာတွင် ကြားကာလနေအိမ်ဆောက်လုပ်ထောက်ပံ့မှုများနှင့်ပတ်သက်ပြီး ရပ်ရွာလူထုနှင့်တွေ့ဆုံ နေမှုများကို လည်းကောင်း ကြည့်ရှုလေ့လာခဲ့ပြီး အမရပူရမြို့နယ်သို့ ကချင်ပြည်နယ်မှ ယာယီနေ့ရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စုများအား ယာယီတဲများ ထောက်ပံ့ ထားမှုများကို သွားရောက်ကြည့်ရှု့အားပေးခဲ့ပါသည်။ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ အထွေထွေအတွင်းရေးမှူးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒုတိယအထွေထွအတွင်းရေးမှူးနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် စစ်ကိုင်းမြို့ ငလျင်တုံ့ပြန် ရေးရုံးတွင် ငလျင်တုံ့ပြန်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နေသော ကြက်ခြေနီ စေတနာလုပ် အားရှင်များနှင့် တွေ့ဆုံခဲ့ပြီး အခမဲ့ဆေးခန်း တွင် ပဏာမကျန်းမာရေးစောင့် ရှောက်မှု ပေးနေမှုများကို ကြည့်ရှုလေ့လာခဲ့ပါသည်။ ယင်းနောက် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ ထားသော ကြားကာလနေအိမ်များကို ကြည့်ရှုခဲ့ပြီး ငလျင်ဘေးသင့်ပြည်သူများကို အားပေးခဲ့ပါသည်။ ကလေးပျော်စင်တာကို လည်းကောင်း၊ ရပ်ရွာလူထုအခြေပြု စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီနေမှုများကို လည်းကောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး မြှင့်တင်ရေးဆိုင်ရာ အသိပညာပေးခြင်းကို လည်းကောင်း၊ ငွေသားထောက်ပံ့မှုရရှိသူများနှင့် တွေဆုံနေမှုများကို လည်းကောင်း စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး ငလျင်ကြောင့် ထိခိုက်ခံစားရမှုများ၊ ကူညီဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။


news-view-count-icon

22