back

ရန်ကုန်လေဆိပ်ရောက် DJ WUKONG အား ပြည်ဝင်ခွင့်မပေးဘဲ ပြန်လွှတ်

Feb 07 • 1:32 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်လေဆိပ်ရောက် DJ WUKONG အား ပြည်ဝင်ခွင့်မပေးဘဲ ပြန်လွှတ်

ရန်ကုန်မြို့မှာ ကျင်းပမယ့် Invasion Festival မှာ ပါဝင်ဖျော်ဖြေရန် ရောက်ရှိလာတဲ့ ကမ္ဘာကျော် EDM DJ တစ်ဦးဖြစ်သူ DJ WUKONG (Alwyn Chen) အား စရန်ကုန်အပြည်ပြည်ဆိုင်ရ...

ရန်ကုန်မြို့မှာ ကျင်းပမယ့် Invasion Festival မှာ ပါဝင်ဖျော်ဖြေရန် ရောက်ရှိလာတဲ့ ကမ္ဘာကျော် EDM DJ တစ်ဦးဖြစ်သူ DJ WUKONG (Alwyn Chen) အား စရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြည်ဝင်ခွင့်မပေးကြောင်းသတင်းရရှိပါတယ်။ ၎င်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး DJ WUKONG က လူမှုကွန်ရက်မှတစ်ဆင့် "မြန်မာနိုင်ငံကို ရောက်ရှိလာချိန်မှာ ပြည်ဝင်ခွင့်မရှိဘူးလို့ အပြောခံရပါတယ်။ ၄ နာရီကျော်ကြာအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်" လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ဒါ့အပြင် ၎င်းနဲ့အတူ ဖျော်ဖြေမယ့် Bassjackers ကသာ တစ်ဦးတည်း ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ ။

"သူ့ကို လေဆိပ်မှာတင် တားဆီးပြီး ပြည်ဝင်ခွင့်မပေးတာပါ။ အခုတော့ သူရဲ့ မိခင်နိုင်ငံကို ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်" လို့ EDM အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ခုက AAMIJကို ပြောပါတယ်။ DJ WUKONG ကမူ "ဒီလိုဖြစ်ရပ်တွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာကတော့ အတူတူပါပဲ။ တစ်နေ့မှာ အခုထက် ပိုကောင်းတဲ့ပုံစံနဲ့ ပြန်လာခဲ့ပါမယ်" လို့ ပရိသတ်များကို အသိပေးထားပါတယ်




news-view-count-icon

30