back

ရန်ကုန်တိုင်း၊မြေအောက်ကေဘယ်ကြိုး ပြုပြင်နေ၍ ရပ်ကွက်(၁၀)ခု၌ ခေတ္တဓာတ်အားပြတ်တောက်နေမည်

Feb 07 • 7:15 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်တိုင်း၊မြေအောက်ကေဘယ်ကြိုး ပြုပြင်နေ၍ ရပ်ကွက်(၁၀)ခု၌ ခေတ္တဓာတ်အားပြတ်တောက်နေမည်

ရန်ကုန်၊မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့သို့ ဓာတ်အားပေးသော 33V သီတာ-ကနေဒီဓာတ်အားလိုင်း၏ မြေအောက်ကြိုးအပိုင်းကို ပြုပြင်နေ၍ ရပ်ကွက်(၁၀)ခု၌ ခေတ္တ ...

ရန်ကုန်၊မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေမြို့နယ်တို့သို့ ဓာတ်အားပေးသော 33V သီတာ-ကနေဒီဓာတ်အားလိုင်း၏ မြေအောက်ကြိုးအပိုင်းကို ပြုပြင်နေ၍ ရပ်ကွက်(၁၀)ခု၌ ခေတ္တ ဓာတ်အားပြတ်တောက်နေမည်ဟု သိရသည်။ဓာတ်အားပြတ်တောက်နေသည့် ရပ်ကွက်များမှာ သပြေကုန်း ရပ်ကွက်၊ ရေတွင်းကုန်း ရပ်ကွက်၊ ဖို့မြေ ရပ်ကွက်၊

တောင်ညွန့်ကြီး ရပ်ကွက်၊ စံပြဖဆပလ ရပ်ကွက်၊ ကန်/ရှေ့ ရပ်ကွက်၊ ကန်/နောက် ရပ်ကွက်၊ ကန်/တောင် ရပ်ကွက်၊ကန်/မြောက် ရပ်ကွက်၊ ဥယျာဥ် ရပ်ကွက်တို့ ဖြစ်သည်ဟုလည်း သိရသည်။လက်ရှိ၌ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ဝန်ထမ်းများက အမြန်ပြုပြင်ဆောင်ရွက်လျက်ရှိကာ မွန်းလွဲပိုင်း နှစ်နာရီခန့်တွင် ဓါတ်အားပုံမှန်ပေးနိုင်မည်ဟု ခန့်မှန်းရပါကြောင်း အသိပေးပန်ကြားထားသည်။

news-view-count-icon

26