back

ပြည်တွင်း၌ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် တိရစ္ဆာရန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုလက်မှတ်များ လျှောက်ထားရန် အသိပေး

Feb 07 • 6:39 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် တိရစ္ဆာရန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုလက်မှတ်များ လျှောက်ထားရန် အသိပေး

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်းရှိ ခွင့်ပြုလက်မှတ်မရှိဘဲ တိရစ္ဆာန်ဆေးကုန် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့် သက်ဆိုင်ရာ...

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အတွင်းရှိ ခွင့်ပြုလက်မှတ်မရှိဘဲ တိရစ္ဆာန်ဆေးကုန် ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့် သက်ဆိုင်ရာမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့  နောက်ဆုံးထားပြီး ခွင့်ပြုမိန့် လျှောက်ထားရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ခွင့်ပြုမိန့် မလျှောက်ထားဘဲ ဖွင့်လှစ်ထားသည့်ကို စစ်ဆေးတွေ့ရှိပါက တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လျှောက်ထားမည်သူများအနေဖြင့် လုပ်ငန်းတည်ရှိရာလိပ်စာနှင့် အဆောက်အုံမြေနေရာအကျယ်အဝန်း၊ ကြီးကြပ်ဆောင်ရွက်မည်သူစာရင်းအပါအဝင် ပူးတွဲလျှောက်ထားတင်ပြရမည့်အချက်အလက်များကိုလည်း ဖော်ပြထားသည်။တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများအတွက် လုပ်ငန်းစိစစ်ရေးအဖွဲ့မှ စိစစ်ပြီး ဗဟိုကြီးကြပ်မှုကော်မတီမှ အတည်ပြု၍ ခွင့်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးကို အချိန်နှင့်တပြေးညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။

news-view-count-icon

30