ယမန်နေ့က ဖွင့်လှစ်ပြီးစီးခဲ့သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားပေါ်သို့ YBS ယာဉ်များ စမ်းသပ်ပြေးဆွဲခဲ့သည်ဟု သိရသည်။
YBS(၅၈)ယာဉ်လိုင်းမှ City Bus(Forton)ယာဉ်(၂)စီး၊YBS(၇၂)ယာဉ်လိုင်းမှ City Bus(Ankai)ယာဉ်(၁)စီးနှင့် YBS(၁၀၈)ယာဉ်လိုင်းမှ City Bus(Youtong)ယာဉ်(၁)စီးတို့ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ထိုယာဉ်များပေါ်၌ စုစုပေါင်း စမ်းသပ်တင်ဆောင်သူဦးရေ ၁၄၀ဦးဖြင့် စမ်းသပ်တင်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။
လက်ရှိ၌ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားဖွင့်လှစ်ပြီဖြစ်၍ ရန်ကုန်တိုင်း၊ရန်ကုန်မြို့မှနေ၍ ဒလ၊တွံတေး၊ကော့မူး၊ကွမ်းခြံကုန်မြို့များနှင့် ဧရာဝတီတိုင်းရှိမြို့များကိုလွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ပြီး ဒလမြို့သည်လည်း ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းကိုဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာပြီးဘက်စုံ၊ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာတွံတေး၊ကော့မှူး၊ကွမ်းခြံကုန်မြို့များလည်း မြို့ပြအသွင်ဆောင်ပြီးတစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသတွင်းရှိ လူမှုရေး၊စီးပွားရေး၊ပညာရေး၊ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်သည်။



