back

ဘဏ်ချေးငွေဖြင့် ရွှေ၊ ငွေ၊ ဒေါ်လာများတွင် ဈေးကစားမှု မရှိစေရေး ပိုမိုကြီးကြပ်ရန် ဗဟိုဘဏ်ညွှန်ကြား

Feb 07 • 5:40 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဘဏ်ချေးငွေဖြင့် ရွှေ၊ ငွေ၊ ဒေါ်လာများတွင် ဈေးကစားမှု မရှိစေရေး ပိုမိုကြီးကြပ်ရန် ဗဟိုဘဏ်ညွှန်ကြား

ဘဏ်များမှ ထုတ်ယူသည့် ချေးငွေနှင့် ငွေသားများကို အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာဈေးကစားသည့်နေရာများတွင် အသုံးမပြုဘဲ စီးပွားရေးလုပ်ငန်းများအတွက်သာ ထိရောက်စွာ အသုံးပြ...

ဘဏ်များမှ ထုတ်ယူသည့် ချေးငွေနှင့် ငွေသားများကို အိမ်ခြံမြေ၊ ရွှေနှင့် ဒေါ်လာဈေးကစားသည့်နေရာများတွင် အသုံးမပြုဘဲ စီးပွားရေးလုပ်ငန်းများအတွက်သာ ထိရောက်စွာ အသုံးပြုစေရေး စောင့်ကြည့်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပုဂ္ဂလိကဘဏ်များအား သတိပေးနှိုးဆော်လိုက်သည်။ ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သည့် ဘဏ်လုပ်ငန်းဆိုင်ရာ အစည်းအဝေးတွင် ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (AML/CFT) စည်းမျဉ်းများကို လိုက်နာရန်၊ ချေးငွေဆုံးရှုံးနိုင်ခြေများကို သေချာစွာစိစစ်ရန်၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ တိုးမြှင့်ရန်နှင့် ဘဏ်တွင်းကြီးကြပ်မှု (Internal Control) အားကောင်းစေရန် မှာကြားခဲ့သည်။ ထို့ပြင် နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးမူဝါဒများနှင့်အညီ တည်ငြိမ်သည့် ဘဏ်လုပ်ငန်းစနစ် ဖြစ်ပေါ်လာစေရေးအတွက် ဥပဒေစည်းမျဉ်းများကို ဟန်ချက်ညီညီ လိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

25