back

" မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်" ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု နေတိုး တစ်ပြေးနေ

Feb 07 • 4:53 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

" မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်" ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု နေတိုး တစ်ပြေးနေ

မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်" ဆိုသည့် ဇာတ်ကားဖြင့် ထပ်ဆင့်အကယ်ဒမီနေတိုးက အမျိုးသားဇာတ်ဆောင်ဆုရရှိမည်ဟု ပရိသတ်များက ခန့်မှန်းထားကြသည်။မိမိဘဝကို အနစ်နာခံပြီး တ...

မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်" ဆိုသည့် ဇာတ်ကားဖြင့် ထပ်ဆင့်အကယ်ဒမီနေတိုးက အမျိုးသားဇာတ်ဆောင်ဆုရရှိမည်ဟု ပရိသတ်များက ခန့်မှန်းထားကြသည်။မိမိဘဝကို အနစ်နာခံပြီး တူ၊ တူမများကို အမေလိုတမျိုး၊ ဦးလေးလိုတဖုံ တစ်သက်တာ ထမ်းပိုးစောင့်ရှောက်ခဲ့သည့် နတ်ကတော်အဖြစ် နေတိုးကသရုပ်ဆောင်ထားခြင်းဖြစ်သည်။မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်" ဆိုသည့် ဇာတ်ကားကို ဒါရိုက်တာ ပီကေ ရိုက်ကူးပြီး ဇာတ်ညွှန်း - ဖြိုးသဉ္ဇာကျော်၊ ဇာတ်လမ်း - ဆောင်းလုလင် တို့ဖြစ်ပြီး ထပ်ဆင့်အကယ်ဒမီ နေတိုး၊ နေမျိုးအောင် ၊ ညီနန္ဒ၊ Vitamin ၊ သံသာညီ ၊ ဗွာဗွား ၊ အထူးဧည့်သည်သရုပ်ဆောင် - အေးဝတ်ရည်သောင်း တို့က ပါဝင်သရုပ်ဆောင်ထားသည်။ထပ်ဆင့်အကယ်ဒမီနေတိုးသည် အမျိုးသားဇာတ်ဆောင်ဆု လေးဆုရရှိထားပြီး ယခုတစ်ကြိမ်ထပ်မံရရှိပါက ၅ ထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်မည်ဖြစ်သည်။

news-view-count-icon

84