back

စားသောက်ပြီးနောက်အက်ဆစ်လျှံတက်ခြင်း၊လေပွခြင်းတို့မဖြစ်စေရန် ပြုလုပ်ပေးသင့်သည့်အလေ့အထတစ်မျိုး

Feb 07 • 4:41 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

စားသောက်ပြီးနောက်အက်ဆစ်လျှံတက်ခြင်း၊လေပွခြင်းတို့မဖြစ်စေရန် ပြုလုပ်ပေးသင့်သည့်အလေ့အထတစ်မျိုး

လူအများစုက စားပြီးသောက်ပြီးနောက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးကို သိပ်မသိကြဘူးလို့ အစာအိမ်အူလမ်းကြောင်းအထူးကု ဒေါက်တာ ဂျိုဆပ်ဆယ်ဟက်က ပြောပါတယ်။ စားပြီးနေ...

လူအများစုက စားပြီးသောက်ပြီးနောက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးကို သိပ်မသိကြဘူးလို့ အစာအိမ်အူလမ်းကြောင်းအထူးကု ဒေါက်တာ ဂျိုဆပ်ဆယ်ဟက်က ပြောပါတယ်။

စားပြီးနောက်မှာ ဖုန်းပွတ်မနေဘဲ ၁၀ မိနစ်လောက် လမ်းလျှောက်ခြင်းဖြင့် အစာမကြေပြဿနာတွေ ကင်းဝေးပြီး အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေနိုင်တယ်လို့ YouTube Shorts မှာ ပြောထားပါတယ်။ လှုပ်ရှားလမ်းလျှောက်ခြင်းကြောင့် အစာတွေနဲ့ အစာအိမ်အက်ဆစ် ရှင်းလင်းပေးကာ ပျို့အန်ခြင်း၊ ရင်ပူခြင်း၊ လေပွခြင်းတို့ လျော့နည်းစေပြီး အစာဟောင်းတွေကိုလည်း ရွေ့လျားစေပါတယ်။ စားသောက်ပြီးနောက် ထိုင်တာဖြစ်ဖြစ် လှဲနေတာဖြစ်ဖြစ် အစာအိမ်အက်ဆစ် အပေါ်တက်စေကာ အက်ဆစ်လျှံတက်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

news-view-count-icon

23