မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ် အသုံးပြုကာ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့နိုင်ရေးနှင့် မြန်မာနိုင်ငံမှ သီးနှံ ၁၆ မျိုးကို အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးဆိုင်ရာ နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၆ ရက်က တာချီလိတ်မြို့၌ ကျင်းပခဲ့ပြီး၊ အဆိုပါလမ်းကြောင်းအား အသုံးပြုခြင်းဖြင့် နိုင်ငံတကာကုန်စည်စီးဆင်းမှု မြင့်မားလာကာ နယ်စပ်ဒေသများရှိ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများ ပိုမိုရရှိလာစေရန် နှစ်ဖက်ကိုယ်စားလှယ်များက အသေးစိတ် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ် အသုံးပြု၍ ထိုင်းနိုင်ငံမှ ထွက်ရှိသည့် အသီးအနှံများ သယ်ယူပို့ဆောင်နိုင်ရန် ဆွေးနွေး
Feb 07 • 3:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


