back

ရှမ်းပြည်တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း ပတ်လည်ဆိုင်ခန်းများ ဖယ်ရှားဖို့ တတိယအကြိမ်မြောက် သတိပေးခံရ

Feb 07 • 2:17 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း ပတ်လည်ဆိုင်ခန်းများ ဖယ်ရှားဖို့ တတိယအကြိမ်မြောက် သတိပေးခံရ

ရှမ်းပြည်တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း ပတ် လည် ဆိုင်ခန်းတွေ ဖယ်ရှားပေးဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် ၊ ဖေဖော်၀ါရီလ ၂၈ ရက် နောက်ဆုံးထားဖယ်ပေးဖို...

ရှမ်းပြည်တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း ပတ် လည် ဆိုင်ခန်းတွေ ဖယ်ရှားပေးဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၆ ခုနှစ် ၊ ဖေဖော်၀ါရီလ ၂၈ ရက် နောက်ဆုံးထားဖယ်ပေးဖို့ တတိယအကြိမ်မြောက် အသိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်း၊တိုက်ခန်းတွေရဲ့ နေရာမှာ နိုင်ငံတကာအဆင့်မှီ အားကစားကွင်း၊ အားကစားရုံနဲ့ ရေကူးကန်၊ လူငယ်ရေးရာစင်တာတွေ တည်ဆောက်ဖို့ဆိုပြီး ဆိုင်ခန်းဌားရမ်းစာချုပ်တွေကို ကိုရပ်စဲကာ အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ဖို့ တတိယအကြိမ် ထပ်မံအသိပေး အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစပိုင်းကလည်း တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံကို စည်ကားသာယာလှပစေဖို့ဆိုကာ မြို့နယ်စည်ပင်သာယာရေးနဲ့ ရှမ်းချယ်ရီတောင်တန်း ဆောက်လုပ်ရေးကုမ္ပဏီတို့ အကျိုးတူပူးပေါင်းပြီး (၃)ထပ် လူနေဆိုင်ခန်းတွေ ဆောက်လုပ်ဖို့ စီစဥ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အခုဖယ်ရှားခိုင်းတဲ့ ပြည်နယ်အားကစားကွင်းပတ်လည်မှာ ဆိုင်ခန်းတိုက်ခန်းပေါင်း ၂၀၀ ကျော်ရှိပြီး ဆိုင်ကယ်၊ ကား အပိုပစ္စည်းဆိုင် ၊စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ မိတ္တူဆိုင် အများစု ဖွင့်လှစ်ထားကြတယ်လို့ သိရပါတယ်။ဆိုင်ခန်းတွေကို ဖယ်ရှားပေးဖို့ ပထမအကြိမ် အသိပေးတာကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာ ၃ ရက် ၊ ဒုတိယအကြိမ်ကို ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ ၅ ရက် ၊ တတိယကြိမ်မြောက် သတိပေးတာကို ဖေဖော်ဝါရီ ၂ ရက်မှာ အသိပေး အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

15