ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့တွင် ဒေသခံများ အများအပြားကိုးကွယ်ကြသည့် အရှင်သမိုင်းလွယ်ပြားနတ်စင် ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများမှ လူမှုကွန်ရက်တွင် ဖော်ပြချက်အရ သိရဥည်။နတ်စင်ဖျက်ဆီးခံရခြင်းကြောင့် ယင်းနတ်စင်တွင်ရှိသော ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၊ မြင်းရုပ်ပွားတော်နှင့် ဘုရားပန်းအိုးများ အကုန်ပျက်စီးသွားခဲ့ကြောင်း၊ လတ်တလောတွင် ဖျက်ဆီးသွားသူကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ပင်လောင်းမြို့တွင် အဆိုပါနတ်စင်မှာထင်ရှားပြီး ဒေသခံများကြား၌ ယုံကြည်ကိုးကွယ်မှုဖြင့် တည်ထားခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိနေကြောင်းလည်း ဆိုထားကြသည်။



