ဖေဖော်ဝါရီ၅ရက်ယနေ့နံနက်ပိုင်းတွင် ဆီဆာကတ်ပြည်နယ်ရှိ ထိုင်းစစ်အခြေစိုက်စခန်းတစ်ခု အနီးသို့ ကမ္ဘောဒီးယား တပ်ဖွဲ့များဘက်မှ ပစ်ခတ်လိုက်သော ၄၀ မမ ဗုံးသီးတစ်လုံး ကျရောက်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထိုင်းအမှတ် - ၂ စစ်ဒေသက ထုတ်ပြန်ထားသည်။စစ်တပ်၏ အဆိုအရ ယင်းဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဗုံးသီးတစ်လုံးသည် ဖလန်ဟင်ပတ်ကွန်ဒေသရှိ ထိုင်းစစ် ဆင်ရေးစခန်း ၏ ညာဘက်အနီးသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။အခြေအနေကို ကနဦးစစ်ဆေးချက်အရ ထိုင်းစစ်သည်များ သို့ မဟုတ် စစ်ဘက်ဆိုင်ရာ အသုံးအ ဆောင်ပစ္စည်းများ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် တပ်ဖွဲ့ဝင်အားလုံး ဘေးကင်းကြောင်း သိရသည်။လက်ရှိတွင် တာဝန်ရှိသူများသည် လုံခြုံရေးအစီ အမံများကို တိုးမြှင့်ထားပြီး ထိုဒေသအတွင်းရှိ အ ခြေအနေများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့သည်။



