back

ဘုရင်စနစ် ဆက်လက်ထားရှိရန်နော်ဝေလွှတ်တော် ဆုံးဖြတ်

Feb 05 • 6:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘုရင်စနစ် ဆက်လက်ထားရှိရန်နော်ဝေလွှတ်တော် ဆုံးဖြတ်

ဘုရင့်မိသားစုဝင်များအတွင်း ကျော်မကောင်း၊ ကြားမကောင်း ပြဿနာများ ရှိနေသော်လည်း စည်းမျဉ်းခံဘုရင်စနစ်ကို ဆက်လက်ထားရှိရေးအတွက်နော်ဝေလွှတ်တော်က ဖေဖော်ဝါရီ ၃ ရက်တွင် မ...

ဘုရင့်မိသားစုဝင်များအတွင်း ကျော်မကောင်း၊ ကြားမကောင်း ပြဿနာများ ရှိနေသော်လည်း စည်းမျဉ်းခံဘုရင်စနစ်ကို ဆက်လက်ထားရှိရေးအတွက်နော်ဝေလွှတ်တော်က ဖေဖော်ဝါရီ ၃ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၃ ရက် မဲခွဲပွဲတွင် နော်ဝေလွှတ်တော်အမတ် ၁၆၉ ဦးအနက်၁၄၁ ဦးတို့က စည်းမျဉ်းခံဘုရင်စနစ် ဆက်လက်ထားရှိရေးကို ထောက်ခံခဲ့ကြပြီး၂၆ ဦးက ကန့်ကွက်မဲ ပေးခဲ့ကြကြောင်း သိရသည်။ဘုရင့်မိသားစုဝင်များအကြား ပေါ်ပေါက်နေသော ပြဿနာများနှင့်လူထုသဘောထားစစ်တမ်း ကောက်ခံချက်ရလဒ်များအရ ဘုရင့်မိသားစုအပေါ်လူထုထောက်ခံမှုနှုန်း ကျဆင်းလာမှုများ ကြောင့် ဘုရင်စနစ်ဖျက်သိမ်း၍ သမ္မတနိုင်ငံစနစ် ကျင့်သုံးရန် တောင်းဆိုသံများ ပေါ်ထွက်လာ ခဲ့ပြီးနောက် ဘုရင်စနစ်ဆက်လက်ထားရှိရေးကို နော်ဝေလွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ ခြင်း ဖြစ်သည်။ဗာဒန်းဂန်းအမည်ရှိ နော်ဝေသတင်းစာတစ်စောင်က ပြုလုပ်ခဲ့သောလူထုသဘောထားစစ်တမ်း ကောက်ခံချက် ရလဒ်များအရ လက်ရှိနော်ဝေဘုရင်ဟာရဲယ်နှင့် ဘုရင့်မိသားစုဝင်များအပေါ် လူထုထောက်ခံမှုနှုန်း ကျဆင်းလာကြောင်း သိရသည်။ပြီးခဲ့သည့်နှစ်အတွင်း ဘုရင်စနစ်ကို ထောက်ခံသူ ၇၂ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း ယခုနှစ် တွင်မူ ၆၁ ရာခိုင်နှုန်းကသာ ထောက်ခံမှုပေးတော့ကြောင်းဗာဒန်းဂန်းသတင်းစာ စစ်တမ်း ကောက်ခံချက် ရလဒ်များတွင် ဖော်ပြထားသည်။အဓမ္မပြုကျင့်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုများဖြင့် နော်ဝေ အိမ်ရှေ့မိဖုရား မက်တီမာရစ်၏ သားဖြစ်သူ တရားရင်ဆိုင်နေရချိန်တွင် စည်းမျဉ်းခံဘုရင် စနစ်ကို ဆက်လက်ထားရှိရန် နော်ဝေ လွှတ်တော်ကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


news-view-count-icon

17