ပညာရှင်များအနေဖြင့် ဌာနတစ်ခုစီ သီးခြားရိတ်ချိန်လွန် နည်းပညာရပ်ကို သုတေသန ပြု ဖော်ထုတ်နေကြမည့်အစား တက္ကသိုလ် သုတေသနဌာန နည်းပညာပြန့်ပွားရေး ဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး က ပြောသည်။ထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများ ပါဝင်သည့် သုသေတနများလုပ်ရန်လိုအပ်ပြီး သုတေသနရလဒ်များကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ အသုံးချသွားရန် လည်း တိုက်တွန်းပြောကြားထားသည်။



