back

ထိုင်းတွင် ဆေးကြောင်ပြီး မိခင်ကို အခန်းပိတ်လှောင်၊ သေကြောင်းကြံအောင် ဖိအားပေးခဲ့သူ ဖမ်းမိ

Feb 04 • 5:00 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ဆေးကြောင်ပြီး မိခင်ကို အခန်းပိတ်လှောင်၊ သေကြောင်းကြံအောင် ဖိအားပေးခဲ့သူ ဖမ်းမိ

ထိုင်းတွင် မိခင်ဖြစ်သူအား ဓားဖြင့်ခြိမ်းခြောက်ကာ နေအိမ်အတွင်း ပိတ်လှောင်ထားပြီး၊ မိခင်ဖြစ်သူမှာ စိတ်ဖိစီးလွန်း၍ ဆေးသောက်ကာ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားသည...

ထိုင်းတွင် မိခင်ဖြစ်သူအား ဓားဖြင့်ခြိမ်းခြောက်ကာ နေအိမ်အတွင်း ပိတ်လှောင်ထားပြီး၊ မိခင်ဖြစ်သူမှာ စိတ်ဖိစီးလွန်း၍ ဆေးသောက်ကာ မိမိကိုယ်ကို အဆုံးစီရင်ရန် ကြိုးစားသည်ကိုပင် ကူညီခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့သည့် သားမိုက်တစ်ဦးကို ဆူရတ်ဌာနီ (Surat Thani) ဈေးတစ်ခုတွင် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သည်။ တရားခံမှာ အသက် (၂၆) နှစ်အရွယ် Mr. Arnon (ခေါ်) Pu-an ဖြစ်သည်။ အမှု၏ အစမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကNakhon Si Thammarat တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲထားသော Pu-an သည် မိခင်နှင့် ညီမဖြစ်သူကို ဓားဖြင့်လိုက်ထိုးကာ အိမ်ထဲတွင် ပိတ်လှောင်ထားခဲ့သည်။ သားဖြစ်သူ၏ ရန်ပြုမှုကို ကြောက်ရွံ့ပြီး စိတ်ဖိစီးလွန်းသော မိခင်သည် ဆေးအများအပြားသောက်ကာ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်။ အိမ်နီးချင်းများက ကယ်တင်ရန် ကြိုးစားသော်လည်း၊ Pu-an က ဓားဖြင့်ရွယ်ကာ တားဆီးထားသဖြင့် အချိန်မီ ဆေးကုသခွင့် မရဘဲ မိခင်မှာ ကိုမာ (Coma) အခြေအနေဖြင့် စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိခဲ့ရသည်။ ထိုစဉ်က ရဲတပ်ဖွဲ့နှင့် ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးကာ တရားစွဲဆိုခဲ့သော်လည်း၊ Pu-an သည် အာမခံရရှိစဉ် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။ တစ်နှစ်ကျော်ကြာ ပုန်းအောင်းနေပြီးနောက် ယနေ့ (ဖေဖော်ဝါရီ ၄) တွင် ဆူရတ်ဌာနီ၊ Phunphin ခရိုင်ရှိ ဈေးတစ်ခုတွင် ရာဇဝတ်မှုနှိမ်နင်းရေး တပ်ဖွဲ့က ခြေရာခံ ဖမ်းဆီးနိုင်ခဲ့သည်။



news-view-count-icon

7