ပဲခူးတိုင်း ၊ ကဝမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ထဲထိ ဝင်ရောက်ပြီး လူသတ် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ သေဒဏ် အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။လူသတ် ၊ ပစ္စည်းလုယက်ခဲ့တဲ့ တရားခံ ဇော်ဝမ်း(ခ)ဆမ်းသဒါးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)အရ ပဲခူးခရိုင်တရားရုံးက ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အမိန့်ချမှတ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အမှုဖြစ်စဥ်က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၆ ရက် နေ့က ကဝမြို့နယ် ၊ သင်ဘန်းကန် ကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာက ဒေါ်မာဒီကို နေအိမ်မှာ ရှိနေစဥ် တရားခံဖြစ်သူ တရွာတည်းနေ ဇော်ဝမ်းက ဒေါ်မာဒီကို သတ်ပြီး ရွှေထည်ပစ္စည်းတွေ ယူဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။



