ဖားကန့်ရှိ သမီးဖြစ်သူ၏နေအိမ်မှ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာရှိနေအိမ်သို့ပြန်လာချိန် လမ်းတွင် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ပြောသည်။ဆိပ်မူကျေးရွာအုပ်စု၊ ရပ်ကွက် (၄) တွင်နေထိုင်သည့် အသက် (၆၀) ကျော်အရွယ် သင်းထောက် ဦးရောချန်းနှင့်အတူ ဦးကျော်ဝင်းနိုင်ဆိုသူလည်း အတူတကွပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့နှစ်ဦး ပျောက်ဆုံးနေသည်မှာ လေးရက်ခန့်ရှိပြီဖြစ်ပြီး သက်ဆိုင်ရာသို့ လိုက်လံမေးမြန်းစုံစမ်းမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သူကဆက်ပြောသည်။အဆက်မသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသဖြင့် အမြန်ဆုံးပြန်တွေ့လိုကြောင်း ပြောသည်။



