ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အထူးကုပြင်ပလူနာဌာနတွင် အသည်းရောင်အသားဝါ "စီ" ရောဂါ စစ်ဆေး ကုသခြင်းကို အပတ်စဉ် သောကြာနေ့ နေ့လယ် ၂:၀၀ နာရီမှ ၄:၀၀ နာရီအထိ ထပ်မံတိုးချဲ့ကုသပေးလျက်ရှိပါသဖြင့် အသည်းရောင်အသားဝါ "စီ" ရောဂါ ရှိသူ မည်သူမဆို လာရောက်ကုသနိုင်ပါသည်။ပုံမှန် ကုသပေးလျက်ရှိသော အထွေထွေရောဂါကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးတိုးဆီးချိုရောဂါကုသခြင်း၊ ဦးနှောက်အာရုံကြောဆေးကု၊ ခွဲစိတ်ကုသခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါကုသခြင်း၊ မျက်နှာမေးရိုး၊ သွားနှင့်ခံတွင်းရောဂါကုသခြင်း၊ အရိုးရောဂါ ကုသပေးခြင်း၊အရေပြားရောဂါကုသခြင်း၊ စိတ်ကျန်းမာရေးကုသပေးခြင်းများကိုလည်းကုသပေးလျက်ရှိပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အထူးကုဌာနမှာ ဘိုကင်တင်ရင် ဒီလိုလုပ်ပါ။
သင့်ရဲ့Viber သို့မဟုတ် messenger ရဲ့ search box မှာ caremebot လို့ရိုက်လိုက်ပါ။
2)စက်ရုပ်လေးကိုရွေးပါ။
3)Hi လုပ်ပါ။သို့မဟုတ် Get Started ရိုက်ပါ။
4) အစိုးရဆေးရုံ/ public hospital ကိုရွေးပါ။
5) ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုရွေးပါ။
6) ပြသမည့်ဌာန ကိုရွေးပါ။
မှတ်ချက်။ page ရဲ့ messenger တွင် ရှာရမှာ မဟုတ်ပါ။သင်အသုံးပြုနေတဲ့ Viber သို့ messengerမှာပါ။



