back

ထိုင်းမှာ Nipah ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးရှိပြီဆိုတာ သတင်းအမှားလို့ အာဏာပိုင်တွေ ဖြေရှင်း

Feb 04 • 2:24 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ Nipah ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆ ဦးရှိပြီဆိုတာ သတင်းအမှားလို့ အာဏာပိုင်တွေ ဖြေရှင်း

ထိုင်းနိုင်ငံတွင် Nipah ဗိုင်းရပ်စ် ကူးစက်ခံရသူ (၆) ဦးရှိနေပြီဆိုသည့် လူမှုကွန်ရက်ပေါ်မှ သတင်းများသည် သတင်းအမှား များသာဖြစ်ကြောင်း ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင...

ထိုင်းနိုင်ငံတွင် Nipah ဗိုင်းရပ်စ် ကူးစက်ခံရသူ (၆) ဦးရှိနေပြီဆိုသည့် လူမှုကွန်ရက်ပေါ်မှ သတင်းများသည် သတင်းအမှား များသာဖြစ်ကြောင်း ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်း (DES) ဝန်ကြီးဌာနက အတည်ပြု ဖြေရှင်းလိုက်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံအတွင်း အဆိုပါဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးမျှ မရှိသေးကြောင်း သိရသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားမှုရှိခဲ့သဖြင့် အာဏာပိုင်များက နယ်စပ်စစ်ဆေးရေးနှင့် ရောဂါစောင့်ကြည့်မှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအနေဖြင့် လင်းနို့နှင့် ဝက်များကဲ့သို့သော တိရစ္ဆာန်များကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန်နှင့် အစားအသောက်များကို သေချာစွာ ဆေးကြောချက်ပြုတ် စားသောက်ကြရန် တိုက်တွန်းထားပါသည်။

news-view-count-icon

14