back

ရခိုင်မှာ ညအချိန် အင်အားပြင်းငလျင် နှစ်ကြိမ်တိုင်လှုပ်ခတ်လို့ ဒေသခံတွေစိုးရိမ်ထိတ်လန့်ခဲ့ရ

Feb 04 • 1:29 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်မှာ ညအချိန် အင်အားပြင်းငလျင် နှစ်ကြိမ်တိုင်လှုပ်ခတ်လို့ ဒေသခံတွေစိုးရိမ်ထိတ်လန့်ခဲ့ရ

ရခိုင်ပြည်အတွင်း ယမန်နေ့ညအချိန်မှာ အင်အားပြင်းငလျင် နှစ်ကြိမ်တိုင်လှုပ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။အဲဒီငလျင်ဟာ ယမန်နေ့ ဖေဖ...

ရခိုင်ပြည်အတွင်း ယမန်နေ့ညအချိန်မှာ အင်အားပြင်းငလျင် နှစ်ကြိမ်တိုင်လှုပ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ သိရပါတယ်။အဲဒီငလျင်ဟာ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်၊ ည ၁ဝ နာရီ ၄ မိနစ်ကနေစပြီး ၄၅ စက္ကန့်လောက်အကြာ ပထမအကြိမ်လှုပ်ခတ်ခဲ့ပြီး ဒီကနေ့ည ၁ဝ နာရီ ၂၂ မိနစ်မှာလည်း ဒုတိယအကြိမ် စက္ကန့်ပိုင်းမျှ ထပ်မံလှုပ်ခတ်ခဲ့တာပါ။ပထမအကြိမ်လှုပ်ခတ်ခဲ့တဲ့ပြင်းအားဟာ ၆ ဒသမ ဝ အဆင့်ရှိပြီး ဒုတိယအကြိမ်မှာ ၅ ဒသမ ၂ အဆင့်ရှိတယ်လို့ မြေငလျင်သတင်းများစင်တာက ထုတ်ပြန်ထားပါတယ်။“ယနေ့ညမြန်မာစံ‌တော်ချိန် 10:04 နာရီအချိန်က ရခိုင်ပြည်နယ် အမ်းမြို့မှမြောက်ဘက်ပိုင်း 50 မိုင်ခန့်အကွာ ရခိုင်ရိုးမတောင်တန်းအောက်အနက် 35 မိုင်မှ Magnitude 6.0 အဆင့်မြေငလျင်လှုပ်ရှားသွားပါသည်”လို့ ဖော်ပြထားပါတယ်။ဒုတိယအကြိမ်လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ရခိုင်ပြည်၊ အမ်းမြို့ရဲ့မြောက်ဘက်ပိုင်း ၅ဝ မိုင်လောက်အကွာ ရခိုင်ရိုးမတောင်တန်းအောက်အနက် ခြောက်မိုင်ကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့လည်း ဆိုထားပါတယ်။နှစ်ကြိမ်တိုင်လှုပ်ခတ်ခဲ့တဲ့အဲဒီငလျင်ကို ရခိုင်ပြည်အတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ စစ်တွေစသည့်မြို့နယ်တွေအပါအဝင် မြို့နယ်အများအပြား ခံစားခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

news-view-count-icon

14