အဆိုတော် အောင်လက သူဟာ အရက်ကိုကြိုက်သော်ငြားလည်း ဆက်သောက်မယ်ဆိုပါက အသည်းခြောက်တဲ့အဆင့်ကိုရောက်ဖို့ ၁ ဆင့်သာကျန်တော့တယ်လို့ အသိပေးလာပါတယ်။ ဒါကြောင့်လည်း ဆရာဝန်က တစ်သက်စာနားခိုင်းလိုက်ပြီဖြစ်ပြီး ဘယ်ပွဲ ၊ ဘယ်နေရာမှာမှ မတိုက်ကြတော့ဖို့ မိတ်ဆွေတွေကိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။ အောင်လဟာ လက်ရှိ အသည်းဆေးတွေလည်းသောက်သုံးနေရပါတယ်။



