back

မြန်မာကို EU က လူသားချင်းစာနာမှု အကူအညီ ယူရို ၆၃ သန်း ထောက်ပံ့

Feb 03 • 5:15 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာကို EU က လူသားချင်းစာနာမှု အကူအညီ ယူရို ၆၃ သန်း ထောက်ပံ့

ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဒဏ်ခံ ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား ကူညီရန်အတွက် လူသားချင်းစာနာမှ...

ဥရောပသမဂ္ဂ (EU) သည် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဒဏ်ခံ ပြည်သူများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ရောက်ရှိနေသည့် ဒုက္ခသည်များအား ကူညီရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ ယူရို ၆၃ သန်းကို ထောက်ပံ့ပေးလိုက်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရန်ပုံငွေအနက် ယူရို ၃၈.၆ သန်းကျော်ကို မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာရသူများ၏ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အရေးပေါ်ပညာရေးတို့အတွက် အသုံးပြုမည်ဖြစ်ပြီး၊ ယူရို ၂၃.၄ သန်းကို ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက်လည်းကောင်း၊ ကျန်ယူရို ၁ သန်းကို အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားရှိ ဒုက္ခသည်များအတွက်လည်းကောင်း ခွဲဝေပေးသွားမည်ဖြစ်သည်။ ဤအကူအညီများကို ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကာ၊ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူ ၁၆ သန်းကျော်ရှိနေချိန်၌ EU က ယခုကဲ့သို့ ဆက်လက်ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

14