၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပချိန်ကာလမှာ "ဝ" ပြည်နယ်အတွင်း မီးဘေးအန္တရယ်နဲ့ မတော်တဆမှုတွေမှ ကာကွယ်ဖို့ မီးရှူးမီးပန်းနဲ့ ယမ်းဗျောက်ဖောက်တာတွေအတွက် ရှောင်ဖို့ ၊ ဆောင်ဖို့ စည်းကမ်းချက်တွေကို "ဝ" ဒေသ တရားစီရင်ရေး ကော်မတီ - WSP က ထုတ်ပြန်လိုက်ပါတယ်။တရုတ်နှစ်သစ်ကူး အကြိုအပါ ဖေဖော်ဝါရီ ၁၆ ၊ ၁၇ ၊ ၁၈ ရက်နဲ့ မတ် ၃ ရက် စုစုပေါင်း ၄ ရက်အတွင်းသာ မီးရှူးမီးပန်းနဲ့ ယမ်းဗျောက်ပစ်ဖောက်နိုင်မှာ ဖြစ်ပြီး ကျန်ရက်တွေ လုံးဝဖောက်ခွင့် မရှိဘူးလို့ ဆိုထားပါတယ်။မီးရှူးမီးပန်းနဲ့ ယမ်းဗျောက် ပစ်ဖောက်ရာမှာ ၁ လမ်းသွားလမ်းလာ ၊ မော်တော်ယာဉ်နဲ့ အဆောက်အဦးတွေကို ပစ်ပေါက်တာ မလုပ်ရ ၊ ၂ အထပ်မြင့်အဆောက်အအုံ ၊သစ်ကိုင်းတွေ ၊လမ်းဓာတ်တိုင်တွေအပေါ် ချိတ်ဆွဲဖောက်တာ မလုပ်ရ (၃) အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ မိဘအုပ်ထိန်းသူရဲ့ ကြီးကြပ်မှု မရှိပဲ မဖောက်ရ ၊
(၄) လမ်းပန်းဆက်သွယ်ရေး စနစ်တကျရှိမှုကို အဟန့်အတား မလုပ်ရ စတဲ့အချက် ၄ ချက်ပါ အသိပေးချက်တွေ ပါဝင်ပါတယ်။မီးရှူးမီးပန်းများကို တရားဝင် ရောင်းချတဲ့ အရောင်းဆိုင်တွေမှာသာ ဝယ်ယူရမှာ ဖြစ်ပြီး WSP က ခွင့်ပြုချက် မရှိပဲ တရားမဝင် လက်လီ လက်ကား ဖြန့်ဖြူးရောင်းချပါက သိမ်းဆည်းဖျက်ဆီးမယ်လို့လည်း ဆိုပါတယ်။အမှိုက်တွေကို ကာယကံရှင်ကိုယ်တိုင် သန့်ရှင်းအောင် ရှင်းလင်းရမှာဖြစ်ပြီး အခုလို သတိပေးချက်တွေကို မလိုက်နာပါက ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်မှာဖြစ်သလို "ဝ" ဒေသရဲ့ အခြေခံဥပဒေတွေကို ချိုးဖောက်ပါက ဥပဒေနဲ့ အညီ ပြင်းထန်စွာ အရေးယူမှာ ဖြစ်တယ်လို့ဆိုပါတယ်။



