back

ဂျပန်ဝန်ကြီးချုပ် တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်

Feb 03 • 2:33 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ဝန်ကြီးချုပ် တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်

ဂျပန်တွင် လာမယ့် သီတင်းပတ် ကျင်းပမယ့် အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်ကြောင်း Asahi သတင်း...

ဂျပန်တွင် လာမယ့် သီတင်းပတ် ကျင်းပမယ့် အောက်လွှတ်တော် ရွေးကောက်ပွဲမှာ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရနိုင်ကြောင်း Asahi သတင်းစာက ဖေဖော်ဝါရီ ၁ ရက် ဖော်ပြတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ရွေးကောက်ပွဲမှာ ထောက်ခံမှု အားကောင်းလာမယ်ဆိုရင် တာကာအိချီရဲ့ ပါတီအပေါ် ထိန်းချုပ်မှု အားပိုကောင်းလာမှာ ဖြစ်ပြီး ဘဏ္ဍာရေး မူဝါဒတွေကို ရှေ့တိုး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။တာကာအိချီရဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာထဲက ၂၃၃ နေရာ အနိုင်ရနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။အဲဒီ ပါတီဟာ လက်ရှိမှာအောက်လွှတ်တော် အမတ်နေရာ ၁၉၈ နေရာပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ညွှန့်ပေါင်းအစိုးရအဖွဲ့ လက်တွဲဖော် Ishin ပါတီနဲ့အတူ အာဏာရ မဟာမိတ်အဖွဲ့အနေနဲ့ အမတ်နေရာ ၃၀၀ အထိ ရှိလာနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။အကြီးမားဆုံး အတိုက်အခံ Centrist Reform Alliance ပါတီဟာ ထောက်ခံမှု ရရှိဖို့ အခက်ကြုံနေပြီး အမတ်နေရာ ၁၆၇ နေရာမှာ ထက်ဝက်လောက်ကို ဆုံးရှုံးရနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။ဝန်ကြီးချုပ် တာကာအိချီရဲ့ အာဏာရညွှန့်ပေါင်း အဖွဲ့ဟာ သြဇာကြီးတဲ့ အောက်လွှတ်တော်မှာ လက်ရှိ နေရာ အနည်းငယ်အသာနဲ့ လူများစု အမတ်နေရာကို ရရှိထားပေမယ့် အထက်လွှတ်တော်မှာ လူနည်းစု နေရာပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

news-view-count-icon

10